BETTER HEALTHCARE FOR YOU

World Diabetes Day

World Diabetes Day

November 14, 2022 Articles,

World Diabetes Day

ဒီနေ့ နို၀င်ဘာ (၁၄) ရက်နေ့ဟာ ဆိုရင် ကမ္ဘာ့ဆီးချိုရောဂါနေ့ (World Diabetes Day) ဖြစ်ပါတယ်။
ဆီးချိုရောဂါဟာ ကမ္ဘာပေါ်မှာအဖြစ်အများဆုံး နာတာရှည်ရောဂါတစ်မျိုးဖြစ်ပြီး ဆီးချိုကနေတစ်ဆင့် နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ အမြင်အာရုံကွယ်ခြင်း နဲ့ အာရုံကြောပြဿနာတွေ နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်တာကြောင့် ပေါ့ဆလို့မသင့်ပဲ ကြိုတင်ကာကွယ်ခြင်း၊ အစားအသောက် အနေအထိုင် ဆင်ခြင်ခြင်းတို့ကို လုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။
🔴 အောက်ပါလက္ခဏာတွေ သင့်မှာဖြစ်နေတယ်ဆိုရင် ဆီးချိုရှိမရှိစစ်ဆေးကြည့်သင့်ပါတယ်။

  • ဆီးခဏခဏသွားခြင်း
  • ဆီးသွားရာနေရာမှာ ပုရွက်ဆိတ်များတွေ့ရခြင်း
  • ပုံမှန်ထက် ရေအလွန်ငတ်ခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • ရုတ်တရက်ကိုယ်အလေးချိန်ကျခြင်း
  • အနာကျက်နှေးခြင်း
  • အမြင်အာရုံဝေဝါးလာခြင်း
  • ခြေလက်များထုံကျဉ်ခြင်း။
    ဆီးချိုဖြစ်ပွားမှုကို ကာကွယ်တားဆီးဖို့နဲ့ ဆီးချိုကို ထိန်းချုပ်နိုင်ဖို့အတွက် 🚶🚵အ၀မလွန်အောင်ထိန်းသိမ်းကာ နေ့စဉ်သွက်လက်တက်ကြွစွာ လှုပ်ရှားနေထိုင်ပြီး 🥦🍅 ဟင်းသီးသင်းရွက်တွေ၊ သစ်သီးတွေ၊ နှံစားသီးနှံတွေ၊ ပရိုတင်းနဲ့ အဆီနည်းတဲ့ နို့ထွက်ပစ္စည်းတွေကို သင့်တင့်မျှတစွာ ဂရုစိုက်ပုံမှန်စားသုံးပေးသင့်ပါတယ်။
    သင့်မှာ ဆီးချို‌ရောဂါလက္ခဏာတွေရှိနေပြီဆိုရင် ဆီးချိုရှိမရှိစစ်ဆေးသင့်ပြီး ဆီးချိုရှိသူတွေအနေနဲ့ ဆရာ၀န်နဲ့ဆွေးနွေးပြီး အစားအသောက်ဆင်ခြင်စားသုံးကာ ကျန်းမာတဲ့လူနေမှုဘ၀ပုံစံကို နေထိုင်ကြဖို့လိုအပ်တဲ့အကြောင်း ကမ္ဘ့ာဆီးချိုရောဂါနေ့ (World Diabetes Day) မှာ တိုက်တွန်း‌ဖော်ပြလိုက်ရပါတယ်ခင်ဗျာ။

References: Mayo Clinic, Healthline , Helloဆရာ၀န်

#WorldDiabetesDay #EducationToProtectTomorrow