BETTER HEALTHCARE FOR YOU

World Cancer Day

World Cancer Day

February 2, 2023 Articles,

World Cancer Day

World Cancer Day (February 4)


🗓️ဖေဖော်ဝါရီ(၄)ရက်နေ့ဟာဆိုရင် Union for International Cancer Control (UICC) ကနေ သတ်မှတ်ထားတဲ့ World Cancer Day ကမ္ဘာ့ကင်ဆာရောဂါနေ့ ဖြစ်ပါတယ်။🦠


ကမ္ဘာတစ်ဝှမ်းမှာ ကင်ဆာရောဂါဟာဖြင့် သေဆုံးသူ တစ်နှစ်ကို ၁၀ သန်းခန့်ရှိပြီး ဒီထက်လည်း ပိုများလာမယ်လို့ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။


ကင်ဆာရောဂါဟာဆိုရင် ကြိုတင်ကာကွယ်ပြီး နေထိုင်မယ်၊ ကင်ဆာရောဂါရှာဖွေရေးကို သေချာလုပ်ပြီး ကုသမှု ကောင်းစွာ ခံယူမယ်ဆိုရင် ကင်ဆာကြောင့် သေဆုံးမှုနဲ့ ကင်ဆာရောဂါဖြစ်ပွားမှုတွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။


✅ ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်နိုင်မယ့် လူတိုင်းလုပ်လို့ရတဲ့ နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။ 👇


🍅🥦 ကျန်းမာစွာ စားသောက်ပါ။

အသားငါး၊ သစ်သီး၀လံ၊ ဟင်းသီးဟင်းရွက်တွေကို လုံလောက်စွာစားသုံးခြင်း၊ Alcohol ကို ချင့်ချိန်သောက်သုံးခြင်းနဲ့ Ready-made စည်သွပ်ဘူးတွေကို အတတ်နိုင်ဆုံးမစားခြင်းတို့က ကင်ဆာကို ကာကွယ်ရာမှာ အဓိကကျပါတယ်။


🚶ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း

အဝလွန်ခြင်းဟာ ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ ကျောက်ကပ်ကင်ဆာတို့နဲ့ ဆက်စပ်နေပါတယ်။ အဲ့တာကြောင့်မို့လို့ မိမိရဲ့ အရပ်အမောင်းပေါ်မူတည်ပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန်ထက်မများဖို့ကို သတိပြုပြီး ကိုယ်အလေးချိန်ထိန်းသိမ်းသင့်ပါတယ်။


🏃🏋️‍♂️ ကိုယ်လက်လှုပ်ရှားခြင်း

ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်းကလည်း ကိုယ်အလေးချိန်ကျစေတဲ့အပြင် ရင်သားကင်ဆာနဲ့ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

အဲ့တာ‌ကြောင့် တစ်နေ့ကို အနည်းဆုံးနာရီ၀က်ခန့် ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်သင့်ပါတယ်။


🚭 ဆေးရွက်ကြီးရှောင်ပါ။

ဆေးလိပ်သောက်ခြင်းဟာ အဆုတ်ကင်ဆာ၊ ခံတွင်းကင်ဆာ၊ ပန်ကရိယကင်ဆာ၊ ကျောက်ကပ်ကင်ဆာ အပါအ၀င် ကင်ဆာအမျိုးမျိုးနဲ့ ဆက်စပ်နေပါတယ်။

ဆေးလိပ်မသောက်ဖို့နဲ့ ဆေးလိပ်ငွေ့မရှူမိဖို့က ကင်ဆာကာကွယ်ရာမှာ အလွန်အရေးကြီးတာကြောင့် ဆေးလိပ်သောက်ခြင်းကို တစ်နည်းနည်းနဲ့ဖြတ်ပြီး ရပ်တန့်သင့်ပါတယ်။


Ref: worldcancerday.org, mayoclinic.org


𝐆𝐥𝐨𝐫𝐢𝐨𝐮𝐬 𝐋𝐢𝐠𝐡𝐭 𝐂𝐨., 𝐋𝐭𝐝. (𝐀 𝐌𝐞𝐦𝐛𝐞𝐫 𝐨𝐟 𝐭𝐡𝐞 𝐆𝐋 𝐆𝐫𝐨𝐮𝐩 𝐨𝐟 𝐂𝐨𝐦𝐩𝐚𝐧𝐢𝐞𝐬)


☎️ 01201075

☎️ 01298570


🌐 www.gloriouslightpharmaceuticals.com


#BetterHealthcareForYou #GL #WorldCancerDay #GloriousLightPharmaceuticals